ကျွန်ုပ်တို့၏ရည်မှန်းချက်

ဝန်ချီစက်ယာဥ်ကြီးများနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး ကဏ္ဍများတွင် နည်းပညာနှင့် ဝန်ဆောင်မှုအရ ဦးဆောင် ကုမ္ပဏီတစ်ခုဖြစ်ရန်။

စင်ကာပူအခြေစိုက် Wong Fong Engineering Works (1988) Pte Ltd ၏ ဒေသတွင်း လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ရန် ကြိုးပမ်းမည့် ခြေလှမ်းအနေဖြင့် Wong Fong Myanmar အား ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ယနေ့ခေတ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၏ အရေးပါသော အချက်ဖြစ်သည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်တွင် စင်ကာပူနိုင်ငံတွင် အသုံးပြုသော ခေတ်မီ နည်းပညာများဆန်းသစ်တီထွင်ခြင်းတို့ဖြင့် မြန်မာစျေးကွက်အတွင်း ဝင်ရောက်ဆောက်ရွက်ရန် ရည်ရွယ်ရင်းဖြစ်သည်။ နိုင်ငံတွင်း အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် မြန်မာ့ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ်၏ လိုအပ်ချက်များကို ပိုမိုနားလည်သဘောပေါက်ကာ ကောင်းမွန်သော ဝန်ဆောင်မှုပေးရန်မျှော်လင့်ထားပါသည်။ 

ဒေသတွင်းရှိ ကရိန်းဝန်ချီစက်များနှင့် ဆိုင်သည့် ယန္တယားကြီးများကို စီမံခန့်ခွဲမှုနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်များအတွင်း နှစ်ပေါင်း ၅၀ ကျော် ယုံကြည်စိတ်ချရသော အတွေ့ကြုံရှိ ဦးဆောင်သူတစ်ဦး အနေဖြင့်ကျွန်ုပ်တို့သည် အရည်သွေးကောင်းသော ကုန်ပစ္စည်းများကို အာမခံ ရောင်းချပေးခြင်းနှင့် စီမံခန့်ခွဲမှု ဝန်ဆောင်မှုများကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်သည့် အရည်ချင်း ပြည့်ဝသူများ ဖြစ်ပါသည်။

Wong Fong Myanmar သည် မိခင်ကုမ္ပဏီ၏ စင်ကာပူစျေးကွက်အတွင်း ထောက်ပံ့ပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ ကာကွယ်ရေးနှင့်လုံခြုံရေးမှသည် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကဏ္ဍတို့အထိ လုပ်ငန်းအမျိုးမျိုးကို ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံများဖြင့် မြန်မာနိုင်ငံ၏ စျေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းရန် ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

ကျွန်ုပ်တို့၏ဖောက်သည်များနှင့်လုပ်ဖော်ကိုင်ဖက်များ

ဖောက်သည်များမရှိ၊ မိတ်ဖက်များသာရှိပါသည် ကျွန်ုပ်တို့သည် မိတ်ဖက်များနှင့်အတူ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်မြင်သော လုပ်ငန်းများကို ဂုဏ်ယူဝင့်ကြွားစွာ ဆောင်ရွက်ပါသည်။